မြန်မာဖိုင်းဒ်တော့ခ်နက်

ဗုဒ္ဓ

Go down

ဗုဒ္ဓ

Post  mdyshanlay on Mon Aug 02, 2010 12:49 pm

[b][font=&quot][url=http://www.polysolve.com/index.php/1010110A/9b104c99e3384ef9488adb3f07f7f443356b8a1654f7412badc5ef9c4e7da78ffedf439e2a09869faa764a81b333154de2da22a7bcaec619416]ဗုဒ္ဓ[/url] [/font][/b]




[font=&quot]အစွဲအလန်းကင်းကင်းနဲ့ ပြောကြေးဆိုရင်
ဗုဒ္ဓပဲဖြစ်ဖြစ်၊ မဟာဝီရပဲဖြစ်ဖြစ်၊ သခင်ယေရှုပဲဖြစ်ဖြစ် အားလုံးဟာ ယနေ့ခေတ်အခါမှာသာ
ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အခုလို အဖွဲ့အစုခေါင်းဆောင်၊ သီးခြားဘုံသား၊ ပုဂ္ဂလိကအသင်းအပင်းတစ်ခုရဲ့
အကိုးကွယ်ခံ၊ မဟာတန်ခိုးရှင်ကြီးတွေ ဖြစ်လာမယ်မထင်ပါဘူး။ အမှန်တရားကို ရှာဖွေတင်ပြသူ၊
လူ့ဘောင်ငြိမ်းချမ်းမှုကို ဦးစီးတည်ဆောက်ပေးသူ၊ ကမ္ဘာ့အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများ အဖြစ်ဖြင့်သာ
နေရာရကြလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ပြောတဲ့တရားထက် ပုဂ္ဂိုလ်ရေး
ကိုးကွယ်မှုကိုပဲ ရှေးတန်းတင်လာသူတွေကြာင့် မိမိတို့ သဘောကျရာ သဘောကျရာ ခေါင်းဆောင်တွေကို
မိမိတို့အလိုကျ (ပြိုင်ဆိုင်လိုခြင်းနဲ့ အလွန်အားကိုးလိုခြင်းတို့ကြောင့်) ဖူးဖူးမှုတ်ရင်းက
ဘုရားတွေဟာ အလွန်ကြီး၊ အလွန်ကျယ်၊ အလွန်မြင့်၊ အလွန်မြတ်သောပုဂ္ဂိုလ်ကြီးများ ဖြစ်သွားကြပြီး
လူများစု လက်လှမ်းမမီနိုင် ဖြစ်ကုန်ကြပုံရပါတယ်။

ဒီလိုပြောလိုက်လို့ ဘုရားတွေကို အဆင့်လျှော့ချပစ်တယ်လို့ တစ်ချို့က ခပ်လွယ်လွယ် ထင်သွားကြမလားပဲ။
တကယ်က သူတို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ လမ်းညွှန်ချက်တွေကို လေ့လာကြည့်ရုံနဲ့တင် သူတို့ဟာ
အဆင့်လျှော့ချလို့ မရတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ ထင်ရှာပြီး ဖြစ်နေပါပြီ။ ပြီး
အခုလိုမျိုး အစွဲအလန်းကင်းကင်းနဲ့သာ ဘုရားတွေကို နားလည်လက်ခံခဲ့ကြမယ်ဆိုရင် သူတို့ဟာ
ဒီထက်ပိုမို (အမြင်ရှင်းရှင်းနဲ့) လေးစားစရာကောင်းသောသူများပင် ဖြစ်လာနိုင်ပြီး သူတို့ရဲ့
ဓမ္မတွေဟာလည်း ကမ္ဘာ့လူသားထုကြားမှာ အခုထက်ပိုပြီး စူးရှထက်မြက်မယ်ဆိုတာ သေချာပါတယ်။
လျှပ်စစ်ဓာတ်ကို စတင်ဖော်ထုတ်ခဲ့သူကို ဘုရားလို မကိုးကွယ်ပေမယ့် သူဖော်ထုတ်ခဲ့တဲ့လျှပ်စစ်ကို
ကမ္ဘာကြီးတစ်ခုလုံး အသုံးချနိုင်ကြသလိုနေမယ် ထင်ပါတယ်။

နောက်မှထပ်ဖြည့်ထားတဲ့ ကျမ်းဂန်တွေမှာ တန်ခိုးဣဒ္ဓိပါဒ်အကြောင်းတွေ၊ အံ့သြဘနန်းတွေ၊
ထူးဆန်းထွေလာတွေ ဘယ်လိုပဲ ရေးထားရေးထား သူကိုယ်တိုင်ပြောစကားနဲ့ သူ့ဖြစ်စဉ်တွေအရ ဗုဒ္ဓဟာ
ရိုးရိုးလူသားတစ်ယောက်ဆိုတာ ထင်ရှားပါတယ်။ သူလိုငါလို မိန်းမနဲ့ ကလေးကိုလည်း ချစ်တယ်။
သူလိုငါလို လမ်းမှားလည်း လိုက်ဖူးတယ်၊ သူလိုငါလို အစာရေစာ ရှားပါးမှုလည်း ကြုံဖူးတယ်။
သူလိုငါလို သူများလုပ်ကြံတာ ခံရပြီး ဒဏ်ရာလည်း ရဖူးတယ်။ သူလိုငါလို အစားမှားပြီး သူလိုငါလိုလည်း
ဖျားနာခဲ့ဖူးတယ်။ သူလိုငါလို စိတ်ပျက်တာမျိုးတောင် ရှိခဲ့ဖူးတယ်။ (သူ့တပည့်တွေ သူ့စကားနားမထောင်လို့
သူ တစ်ယောက်တည်း တစ်ခြားထွက်သွားတာမျိုး၊) ပြီး သူလိုငါလိုပဲ သေဆုံးသွားခဲ့တယ်။ မျက်မမြင်နောက်လိုက်တွေ
ဇွတ်တရွတ် တွန်းတင်နေသလို သူဟာ အနန္တောအနန္တတန်ခိုးရှင်၊ ဆုတောင်းရင် ဖြည့်ပေးသူ၊ မျက်နှာလုပ်ရင်
မြင်နှာလိုက်သူ၊ Super Human Being၊ စကြာဝဠာတစ်စင်းလုံးရဲ့အရှင်ကြီးတစ်ဆူ မဟုတ်ပါဘူး။

ဗုဒ္ဓဟာ An Ordinary Man With Extraordinary Wisdom ဖြစ်ပါတယ်။ ကိလေသာကနေ ဝေးသူ၊ ကိုယ်တိုင်
တရားကို စတွေ့သူ၊ သီအိုရီနဲ့ လက်တွေ့ကို တစ်ထပ်တည်းကျအောင် နေသူ၊ စကားပြောချိုသူ၊ လောကရဲ့
အကြောင်းအကျိုးကို နားလည်သူ၊ လူတွေကို ဆိုဆုံးမတတ်သူ၊ ဆရာအဖြစ် တင်မြှောက်ခံနိုင်သူ၊
သစ္စာတရားကို သိထားသူ၊ ဘုန်းရှိန်ဝါကြီးသူ အသိဥာဏ် အဆင့်အမြင့်ဆုံး ရိုးရိုးလူသားတစ်ယောက်
ဖြစ်ပါတယ်။။ လူတွေ မသိနိုင်တဲ့ အလယ်လမ်းကို သူ စဖောက်ခဲ့တယ်။ လူတွေ မမြင်နိုင်တဲ့အလင်းကို
သူ စမြင်ခဲ့တယ်။ လူတွေ အိပ်မောကျနေချိန်မှာ သူ စနိုးကြားခဲ့တယ်။ ပြီး အားလုံးကို လက်ဆင့်ကမ်း
ထွန်းညှိပေးရင်း လောကကို နိုးပေးခဲ့တယ်။ ဒီလောက်နဲ့တင် ဗုဒ္ဓဟာ ဗုဒ္ဓဖြစ်ဖို့ လုံလောက်နေပါပြီ။
(ဗုဒ္ဓ= သစ္စာလေးပါးကို သိသူ၊ နိုးကြားသူ၊ လူများကို နိုးကြားစေသူ၊ သိစေသူ။) ဒီထက်ပိုမိုပြီး
လက်တွေ့မကျ၊ မမြင်ရတဲ့အရာတွေနဲ့ ဗုဒ္ဓအဖြစ်ကို မျက်စိမှိတ် အရောင်တင်နေဖို့ မလိုတော့ပါဘူး၊
ပြီး ဗုဒ္ဓကိုယ်တော်တိုင်ကလည်း အဲဒီလို မျက်မမြင်တွေရဲ့ ချီးမြှောက်ဂုဏ်တင်မှုမျိုးကို
ကန့်ကွက်ပါတယ်။ သူကိုယ်တိုင်ရဲ့ ရပ်တည်ချက်ဟာ ဓမ္မကို လူများ နားလည်ရေးဖြစ်တဲ့အတွက်
“ဓမ္မကို မြင်မှ ငါ့ကို မြင်ရမယ်” (ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။) လို့ ပြောခဲ့ဖူးပါတယ်။[/font]


[font=&quot]ဗုဒ္ဓဘာသာရဲ့
အနှစ်ချုပ်တရားကိုယ်ဟာ ဘာလဲလို့ မေးရင် တစ်ချို့က “သစ္စာလေးပါးကို သိအောင်လုပ်ပေးတာ”လို့
ဖြေချင်ဖြေမယ်၊ တစ်ချို့က “မဂ္ဂင် ရှစ်ပါးကို ကျင့်ခိုင်းတာ”၊ တစ်ချို့က “နိဗ္ဗာန်ကို
မျက်မှောက်ပြု ခိုင်းတာ” စသည် အသီးသီး ဖြေချင် ဖြေမယ်။ ဒီအဖြေတွေထက် လူတိုင်း ပိုမိုနားလည်
လွယ်ကူစေမယ့် စကားမျိုးနဲ့ ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာဆိုတာ “အကြောင်းနဲ့အကျိုးကို ဆက်စပ်ပြပေးတာ”လို့
ဖြေရမှာ ဖြစ်ပါတယ်။ လူတွေမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတစ်စုံတစ်ရာအတွက် “အဲဒီရဲ့ မူလလက်သည်အရင်းက
ဒါပါ”လို့ အတိအကျ ဖော်ညွှန်းပေးတာဟာ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

လက်တွေ့ဘ၀မှာလိုက်ကြည့်ရင်ပဲ လူတွေမှာ အကြောင်းအကျိုး ဆက်နွယ်မှုကို နီးနီးစပ်စပ် ဆင်ခြင်တတ်လေ၊
လူဟာ ပိုပြီး တည်ငြိမ်ရင့်ကျင့်မှုရလေဆိုတာ အထင်အရှား ဖြစ်ပါတယ်။ အမှန်တော့ လူဟာ အခြားသတ္တ၀ါတွေထက်
စာရင်တော့ အကြောင်းနဲ့အကျိုးကို ဆက်စပ်ကြည့်တတ်ပါတယ်။ အခြေအနေတစ်ခုခုကို ကြည့်ပြီး
ဒါဟာ ဒါ့ကြောင့်ဖြစ်လာတယ်ဆိုတာကို တွက်ချက်တတ်ပါတယ်။ (အဲဒါကြောင့်ပဲ လူဟာ အခြားသတ္တ၀ါတွေထက်
ခေါင်းတစ်လုံး သာနေတာပါ။) ဒါပေမယ့် အဲဒီလို အကြောင်းနဲ့အကျိုး ဆက်စပ်တဲ့အခါမှာ ဖန်တီးခံထားရတဲ့စိတ်အခံနဲ့
ခံစားဆုံးဖြတ်တဲ့ အကောင်းအဆိုး သတ်မှတ်မှုရယ်၊ ရိုးရိုးမျက်စိနဲ့ ထင်သာမြင်သာတဲ့အကြောင်းကိုပဲ
ရှာတတ်တာရယ်ကြောင့် ပြဿနာတစ်ခုရဲ့ ဇာစ်မြစ်အထိ ကြည့်ဖို့ မစွမ်းဖြစ်ပြီး ကိုယ် မြင်သလို
ဖြေရှင်းနေကြတော့ တချို့ပြဿနာတွေ တကယ် ငြိမ်းမသွားပါဘူး။

ဆိုပါတော့ လူဟာ ကလေးဘ၀တည်းက “ငါ မကြည်မသာ ဖြစ်နေတယ်ဆိုတာ ဗိုက်ထဲမှာ အစာလိုနေတာ”လို့
သိမယ်။ “အဲဒီ့လိုနေတဲ့အစာဟာ ငိုလိုက်ရင် ပေါ်လာမယ်” (သို့) “တွေ့လေရာကို ကောက်စားလိုက်ရင်
ငြိမ်းမယ်”လို့ သိမယ်။ အဲဒီလိုပဲ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတယ်။ အဲဒီလို ဖြေရှင်းမှုမျိုးဟာ
နောက်အသက်ကြီးလာတဲ့အထိ မသိစိတ်မှာ စွဲမြဲလာပြီး တစ်ချိန်မှာလည်း တစ်စုံတစ်ယောက်က ကိုယ့်ကို
လာဆဲတယ်ပဲ ထားပါတော့၊ အဲဒီ့လို အဆဲခံရတဲ့အခါ “ငါ့မှာ တစ်စုံတစ်ရာ ပဲ့သွားတယ်”လို့ သိမယ်၊
“အဲဒီလို နောက်ကို ပဲ့မသွားအောင် ဆဲလာတဲ့သူကို လက်သီးနဲ့ထိုးပြီး နောက်ကို မဆဲရဲတော့အောင်
လုပ်ရမယ်”လို့ သိမယ်။ အဲဒီလို တွက်ချက်မှုမျိုးနဲ့ပဲ လောကမှာ ဖြစ်ပျက်နေသမျှ အခြေအနေတွေကို
ဖြေရှင်းဖို့ ကြိုးစားတော့တယ်။ “ချုံပုတ်ထဲကနေပြီး ခွေးတစ်ကောင်ကို ခဲနဲ့ လှမ်းပေါက်တော့
အဲဒီခွေးက သူ့ကို ပေါက်တဲ့လူထက် သူ့ရှေ့ရောက်လာတဲ့ ခဲကိုပဲ လိုက်ဟပ်တယ်”ဆိုတဲ့စကား
ရှိပါတယ်။ “ခဲဆိုတာ ဘယ်လိုနည်းနဲ့မှ သူဟာသူ လွင့်လာစရာအကြောင်းမရှိဘူး”လို့ သိနေတဲ့
လူက ခဲကိုတော့ ရန်မမူပါဘူး၊ အဲဒီအစား တစ်ချို့ အဲဒီခဲလုံး မိုးပေါ်က ကျလာတယ် အထင်နဲ့
ကောင်းကင်ကို ကြောက်လန့်တကြား ရှိခိုးဆုတောင်းတာနဲ့ တစ်ချို့ မြေကြီးထဲက ထွက်လာတယ်အောက်မေ့ပြီး
မြေကြီးကို ဒေါသမာန်ပါပါ ဖနှောင့်နဲ့ပေါက်တာတွေ ဘာတွေ လုပ်ပါတယ်။

ဗုဒ္ဓဘာသာမှာ ဗုဒ္ဓကိုယ်တိုင် ဥာဏ်အလင်းကို စပြီးရခဲ့တဲ့အချိန်ကရော၊ နောက်တပည့်သာဝကတွေ
သစ္စာတရားကို နားလည်သွားတဲ့အခါမှာပါ ဥာဏ်မှာ ထင်လာတဲ့ စကားလေး တစ်ခုရှိပါတယ်၊ “ဣမသ္မိ
ံ သတိ ဣဒံ ဟောတိ၊ ဣမသ္မ္ပ္ပိံ အသတိ ဣဒံ န ဟောတိ (ဒီဟာ ဖြစ်ရင် ဒါဖြစ်မယ်၊ ဒါဖြစ်မလာခဲ့ရင်
ဒါဖြစ်လာစရာ အကြောင်း မရှိဘူး)” ဆိုတဲ့ စကားပါ။ အကြောင်းအကျိုး ဆက်နွယ်မှုကို သဘောပေါက်သွားတယ်ဆိုတဲ့
အဓိပ္ပာယ်ပါ။ ဒီစကားထဲမှာ အကြောင်းဆိုရင်လည်း ပေါ်ယံအကျဆုံးအကြောင်းကနေ အကြောင်းရဲ့ အကြောင်းရင်း
စသည် နဂိုမူလဇာတ်မြစ်အထိ အဆက်ဆက်၊ အကျိုးဆိုရင်လည်း အကျိုးရင်းအကျိုးဖျားခွဲခြားရုံသာမက
ဆိုးကျိုးထင်ရတဲ့အရာဟာ တကယ့်ဆိုးကျိုး ဟုတ်မဟုတ်၊ အကောင်းလို့ သတ်မှတ်ထားသမျှလည်း တကယ်
ကောင်းတာ သေချာမသေချာ၊ ဆိုးတဲ့အကျိုးရဲ့ ဇာစ်မြစ်ကို ဖယ်ရှားဖို့ အားထုတ်ခြင်း၊ ကောင်းတာရဲ့
အကြောင်းရင်းတွေကို အထပ်ထပ် လုပ်ဆောင်ခြင်းတွေအထိပါ ခြုံငုံပါဝင် သွားပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာက ပြောထားသမျှ အနှစ်ချုပ်ဟာ အကြောင်းအကျိုးကို ဆက်စပ်နားလည်အောင်
သင်ပြပေးတာလို့ ပြောရမှာပါ။ အဲဒီအရာကို စကားတစ်မျိုးနဲ့ ပြောင်းပြောတဲ့အခါမှသာ နဂိုက
ပြောခဲ့တဲ့ “သစ္စာလေးပါးကို သိခြင်း”၊ “မဂ္ဂင် ရှစ်ပါးကို ကျင့်ခြင်း”၊ “နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း”
စသည်တွေ ထွက်လာတာ ဖြစရေးသူ>> သယံဝသ်ီပါတယ်။“သင့်အခန်းမှ
ပတ်ဝန်းကျင်လောကအား
ကြည်ကြည်လင်လင် မြင်ရလိုလျင်
သင်၏ အခန်းပြတင်းမှန်ကို အရင် ဖုန်သုတ်ပါ”

ပြင်ပလောကသည် သူ့သဘောသူ ဆောင်နေခြင်းဖြစ်ရကား ပင်ကိုယ်အားဖြင့် သာယာဖွယ်လည်း မဟုတ်၊
ညစ်ငြူးဖွယ်လည်း မဟုတ်။ အရာဝတ္ထုတို့သည် သဘာဝအတိုင်း ဖြစ်တည်လာပြီး သဘာဝအတိုင်း ချုပ်ငြိမ်းသွားကြသည်၊
ထိုအရာသည် ဆင်းရဲသည်လည်း မဟုတ်၊ ချမ်းသာသည်လည်း မဟုတ်။ လိုအပ်စရာ၊ မလိုအပ်စရာ အရောင်စုံ၊
ကာလာစုံ အာရုံများ လောကတွင် ရှိသည်၊ ထိုအရာသည် လှပသည်လည်း မဟုတ်၊ အကျည်းတန်သည်လည်း
မဟုတ်။ လောကအပေါ် “အမြင် မကြည်မလင်” ဖြစ်နေသူများ၊ “မသိမှုကြောင့် အမြင်ေ၀၀ါး” နေသူများ၊
“လောဘဇောနဲ့ မျက်လုံးစုံကန်း”ကြသူများ၊ ဖြူသောအရာကို အမည်း၊ အမျက်ဒေါသ ထွက်စရာမဟုတ်သည်ကို
ဒေါသထွက်စရာ၊ ကိုယ်မပိုင်ဆိုင်သောအရာကို ကိုယ်ပိုင်အရာ၊ အကြောင်းနှင့် အကျိုးကို အကျိုးနှင့်အကြောင်း၊
အမှားကို အမှန်၊ ဆင်းရဲကို ချမ်းသာအစစ်စသောအားဖြင့် လောကအမြင် ပုံမှန်မှ သွေဖယ်နေသော
သူများနှင့် ထိုအမြင်သွေဖယ်မှုက တွန်းပို့သဖြင့် ကိုယ်၊နှုတ်၊စိတ်အမူအရာများပါ မူမမှန်ဖြစ်နေသူများလည်း
ရှိသည်၊ သို့သော် ထိုသူများရှိရုံသက်သက်မျှဖြင့် ပြင်ပလောကသည် မှောင်သည်လည်း မဟုတ်၊
လင်းသည်လည်း မဟုတ်။

လောကတွင် မည်သူတစ်ဦးတစ်ယောက်မျှ မွေးဖွားလာကတည်းက ကြောင်းကျိုးယုတ္တိ၊ လောကသဘောတရား၊
အမှားနှင့် အမှန်စသည်ကို စဉ်းစားဝေဘန်နိုင်သော အသိဥာဏ် ပါမလာ။ သို့သော် လူတိုင်းပင်
မွေးကင်းစမှ စကာ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာနှင့် အတွေးဟူသော ဒွါရခြောက်ပါး
အသီးသီး ပါလာကြသည်။ ထိုဒွါရခြောက်ပါးအားဖြင့် ပတ်ဝန်းကျင်ကို ထိတွေ့သည်၊ ထိုဒွါရခြောက်ပါးအားဖြင့်
လောကအာရုံကို ရယူခံစားသည်၊ ထိုဒွါရခြောက်ပါးအားဖြင့်သာ အသက်ရှင်မှုကို တည်တံ့အောင် အားထုတ်သည်။
လူသည် ဒွါရခြောက်ပါးသာ မွေးရာပါ ပါခဲ့ပြီး အသိဥာဏ်ကား ပါမလာသောကြောင့် လောကပတ်ဝန်းကျင်ကို
ထိတွေ့ခံစား၊ အသက်ရှည်တည်တဲ့အောင် အားထုတ်ရာတွင် မိမိအတွက် ပတ်ဝန်းကျင်လောကအတွက် နစ်နာ၊
မနစ်နာ၊ အကျိုးယုတ်မယုတ် စသည်ကို သတိမထား မစဉ်းစားမူဘဲ မိမိဒွါရ အလိုပြည့်မှု တစ်ခုအတွက်သာ
စဉ်းစားပြုမူကြောင့် နောက်ဆုံးတွင် မိမိသူတပါး နှစ်ဦးသားလုံးအတွက် ဒုက္ခကိုပွားစေမည့်
လောကအာရုံတို့ကိုပါ ရယူပိုင်ဆိုင်ဖို့ ကြိုးစားတော့သည်။

မွေးဖွားလာကတည်းက အကျိုးအကြောင်း ဝေဘန်ပိုင်းခြားစရာ အသိဥာဏ်ပါမလာခဲ့သော လူသားသည် တရားမတရား
အဓိကမထားသော အာရုံခြောက်ပါးကို ဒွါရခြောက်ပါးဖြင့် စုပ်ယူခံစားသည်၊ ထိုခံစားမှုအရသာကို
သိမ်းယူမှတ်သားသည်၊ ထိုခံစားခဲ့ဖူးသည်နှင့် ထပ်တူအာရုံကို နောက်ထပ်တစ်ဖန် စုပ်ယူခံစားဖို့ရန်
ဒွါရခြောက်ပါးကို အရံသင့် ငံ့လင့်နေစေသည်။ အာရုံများ ထပ်မံရရှိရန် ကိုယ်နှုတ်စိတ်အားဖြင့်
အဖန်ဖန်အားထုတ်သည်၊ ထိုအားထုတ်မှုကို ပြုလုပ်သော ကိုယ်နှုတ်စိတ်အမူအရာများကိုလည်း မသိစိတ်က
မှတ်သားထားသည်၊ ဒွါရခြောက်ပါးမှ တစ်ဆင့် အာရုံကို ရရှိသောအခါ ထပ်မံခံစားပြန်ကာ ထပ်မံ၍သာ
ငံ့လင့်နေပြန်သည်၊ ဤသို့ဖြင့် ခံစားခြင်း၊ အားထုတ်ခြင်း၊ အမူအကျင့်ဖြစ်ခြင်း၊ ခံစားခြင်း၊
အားထုတ်ခြင်း၊ အမူအကျင့်ဖြစ်ခြင်းတို့ အထပ်ထပ်သံသရာလည်ကာ လူတစ်ယောက်၏ ကိုယ်အမူအရာ၊
နှုတ်အမူအရာ၊ စိတ်အမူအရာ၊ ဒွါရခြောက်ပါး အားလုံးတို့သည်လည်း တရားမတရားအဓိကမထားသော အာရုံခံစားမှုကို
အခြေခံကာ မူမမှန်အနေအထားသို့ ရောက်ရတော့သည်။

လူတစ်ယောက်သည် ပုံမှန်အရာဝတ္ထုတစ်ခုကို ပုံမှန်အရာဝတ္ထုတစ်ခုဟု မမြင်ဘဲ ခိုးဝှက်ယူချင်စရာဟု
မြင်သည် (သို့) ဒေါသထွက်ချင်စရာဟု မြင်သည် (သို့) ရွံရှာဖွယ်ရာဟု မြင်သည် (သို့) အရှိတရားမဟုတ်သောအရာဟု
မြင်သည်၊ ပုံမှန်အသံတစ်ခုကို ပုံမှန်အသံအဖြစ်သာ သဘောမထား လောဘတက်ချင်စရာ (သို့) ဒေါသထွက်ချင်စရာ
(သို့) မောဟဖြစ်ချင်စရာဟု ကြားသည်၊ လောကသဘာဝကျိုးကြောင်းယုတ္တိနှင့် မဆီလျှော်၊ ကောင်းကျိုးကိုလည်း
မဖြစ်ပေါ်စေသောတရားကို အမှန်တရားဟု လက်ကိုင်ပြုသည်။ ထိုမှတစ်ပါး ကိုယ်အမူအရာအားဖြင့်လည်းကောင်း၊
နှုတ်အမူအရာ စိတ်အမူအရာတို့အားဖြင့်လည်းကောင်း ကာမတဏှာခေါ် အာရုံငါးပါးကို အမှားမှားအယွင်းယွင်း
သုံးစွဲလိုခြင်း၊ ရူပတဏှာခေါ် ရုပ်အစုအာရုံကို သာယာခြင်းနှင့် အရူပတဏှာခေါ် ရုပ်မဲ့လောကအပေါ်
သာယာဆာလောင်ခြင်းတို့ကို အခြေခံသော မူမမှန် အပြုအမူ၊ အပြောအဆို၊ အတွေးအကြံများ ဖြစ်လျက်ရှိသည်။
ထိုအခါ ထိုသူ၏ ရုပ်အစုသည်လည်းကောင်း၊ ခံစားမှုသည်လည်းကောင်း၊ အမှတ်သညာတို့သည်လည်းကောင်း၊
စိတ်အစုနှင့် အတွေးအကြံစသည်တို့သည်လည်းကောင်း အကန်းဘ၀သို့ လုံးလုံး ရောက်လေတော့သည်။
လူတစ်ယောက်၏ ကံသုံးပါး၊ ဒွါရခြောက်ပါး၊ အမှတ်သညာ၊ ၀ါသနာဗီဇ၊ လောကအမြင်၊ အသက်ရှင်နေထိုင်မှုစသည်တို့၌
မူမမှန်အနေအထားများ စွဲကပ်နေခြင်းသည် မျက်ကန်းခန္ဓာအစု (ဥပါဒါနက္ခန္ဓာ)ကို ပိုင်ဆိုင်ထားခြင်းပင်
ဖြစ်သည်။

မျက်ကန်းခန္ဓာဖြင့် မြင်ရသော လောကသည် တကယ့်လောကမဟုတ်၊ မျက်ကန်းခန္ဓာဖြင့် ခံစားသော အရသာသည်
တကယ့်အရသာစစ် မဖြစ်၊ မျက်ကန်းခန္ဓာဖြင့် ထွန်းငြှိသော အလင်းသည် တကယ့်အလင်း မမည်၊ မျက်ကန်းခန္ဓာဖြင့်
ပတ်ဝန်းကျင်လောကအား အမြင်ကြည်ကြည်လင်လင် မမြင်ရနိုင်၊ မျက်ကန်းခန္ဓာတစ်စုသည် အခြားသော
မျက်ကန်းခန္ဓာတစ်စုအား လမ်းပြပေး၍ မရ၊ ပိုမိုဆိုးရွားသည်မှာ လောကသည် မျက်ကန်းတို့ဖြင့်ပြည့်နှက်နေရကား
မျက်ကန်းခန္ဓာတစ်စုသည် အခြားသော မျက်ကန်းခန္ဓာစုများနှင့် အမှောင်ထဲတွင် မမြင်စမ်းစမ်း
သွားရင်းလာရင်း တွန်းတိုက်မိသည်၊ တစ်စုနဲ့ တစ်စု ထိခိုက်မိသည်၊ မလိုဒေါသ လိုလောဘများ
ဖြစ်ကာ နိုင်ထက်စီးနင်း ပြုသည်၊ မျက်ကန်းခန္ဓာစုများအကြား အကြောက်တရားနှင့် အမျှော်တရားများ
ထွန်းကားသည်၊ သို့မဟုတ်လည်း အချို့သော မျက်ကန်းလောကကို စိတ်ကုန်လက်ကုန်ဖြစ်သူများ အခြားသော
မျက်ကန်းတို့မှ ဝေးရာ အရပ်သို့ ချဉ်းကပ်ကာ မျက်ကန်းဧကစာ ကျင့်သည်။ သို့သော် တဏှာသုံးပါးမှ
လွတ်သော မှန်ကန်သောအကျင့်မြတ် ရှစ်ပါးကို မကြားသိ၊ မပွားများရသေးသမျှ မျက်ကန်းနိဗ္ဗာန်ဖြင့်သာ
ပျော်မွေ့သာယာကြရသည်။

“လောကသည် ကန်း၏”၊ မြတ်စွာဗုဒ္ဓ ဗောဓိဥာဏ်အလင်းကို စတင်တွေ့ရှိတော်မူပြီးစ၊ ထိုဥာဏ်အလင်းအား
လူအများအား မျှဝေရန် စတင် ကြံစည်စဉ် မိန့်တော်မူခဲ့ဖူးသည်။ လောက ကန်းခြင်းသည် သဘာဝလောက၏
မျက်မမြင်ဖြစ်ခြင်းကို မဆိုလို၊ သင်၏ ဒွါရအခန်းပြတင်းများ ဖုန်အလိမ်းလိမ်း ငြိကပ်နေခြင်းကိုသာ
ဆိုလိုခြင်းဖြစ်သည်။ ပတ်ဝန်းကျင်လောကအား ကြည်ကြည်လင်လင် မြင်လိုလျင် သင်၏ အခန်းပြတင်းမှန်ကို
အရင် ဖုန်သုတ်ပါ။ ။[/font]

mdyshanlay
စတင်သူ
စတင်သူ

Posts : 4
Join date : 2010-08-02

View user profile

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum